သနားလို့ ခွင့်ပြုမယ် ၊ လာအိပ်


သားဖြစ်သူ မိန်းမခိုးလာတော့ ဦးလှဖေတို့ လင်မယားက သူတို့နေတဲ့ အိပ်ခန်းလေးကို ဖယ်ပေးရပါတယ် ။



ဧည့်ခန်းတစ်ခန်း ၊ အိပ်ခန်းတစ်ခန်း ၊ ထမင်းစားခန်း တစ်ခန်းနဲ့ မီးဖိုဆောင်လေးတစ်ခုသာပါတဲ့

တိုက်ခန်းဆိုတော့ မိန်းမခိုးလာတဲ့ သားအတွက် အိပ်ခန်းတစ်ခန်းပေးရတာပါ ။



သားက အသက်သုံးဆယ်ကျော်ပြီး ချွေးမက ၁၉နှစ်ပဲ ရှိသေးတော့ ဦးလှဖေ အတော်လေး သဘောကျနေပါ

တယ် ။ အဖေနဲ့သားက ဘောလုံးဝါသနာအိုးတွေပါ ။ သားအဖဆိုပေမယ့် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းလည်း ရှိကြပါတယ် ။



သားနဲ့ ချွေးမအတွက် အိပ်ခန်းပေးပြီး ဦးလှဖေတို့ လင်မယားကတော့ အိမ်ရှေ့က ဧည့်ခန်းမှာ အိပ်ရပါတယ် ။ မိန်းမခိုးလာတဲ့ညမှာပဲ သားဖြစ်သူက ညလယ်လောက်မှာ အိမ်ရှေ့ထွက်လာပြီး ဝရံတာမှာ ထိုင်နေတာကို ဦးလှဖေမြင် တော့ ခြင်ထောင်ထဲက ထွက်လာပြီး သားဖြစ်သူကို မေးပါ တယ် ။



" သား ၊ အချိန်မတော် ဘာထွက်လုပ်နေတာလဲ "



" ပထမပိုင်းပြီးလို့ ခဏနားတယ်အဖေ "



" အဆင်ပြေရဲ့လားကွ "



" ဘာကိုလဲ အဖေ "



" ဘယ်နှစ်ဂိုး သွင်းလိုက်သလဲ "



" နှစ်ဂိုးတောင် မနည်းသွင်းရတယ် အဖေရာ "



" ဟာ......ဘယ်လိုဖြစ်တာလဲ "



" အဝင်အထွက် နည်းနည်းကြမ်းတာနဲ့ ခရာမှုတ်ပြီး တားတော့ ဘယ်လိုလုပ်ပြီး အဆင်ပြေမှာလဲ "



" ဒီလိုပဲပေါ့ကွာ ။ လက်ရွေးစင်အသင်းနဲ့ U19 ကစားသလို ဖြစ်နေတာပေါ့ ။ အနီကတ်အပြမခံရတာပဲ တော်သေးတာ ပေါ့ကွာ ။ ခြေမတူသေးတော့ နည်းနည်းလျှော့ကစားပေါ့ ။ နောက်တော့လည်း ကစားကွက်တွေ သိသွားရင် အဆင်ပြေ သွားမှာပါ ။ မင်းက လက်ရွေးစင်ဆိုတော့ ကစားကွက် ကောင်းပေမယ့် U19 နဲ့ ကစားရတာဆိုတော့ သက်လုံ ကောင်းဖို့တော့ လိုတယ် ။ မင်းအမေနဲ့ အဖေတို့ အိမ်ထောင်ကျတုန်းက အသက်နှစ်ဆယ်ကျော်ပဲ ရှိကြသေး တော့ ခြေတူပြီး သက်လုံကောင်းကြတယ်ကွ "



" သားက သက်လုံတော့ ကောင်းပါတယ် "



" အဝေးဘောတွေ မကစားနဲ့ဦး ။ ကွင်းလယ်ကိုပဲ အာရုံစိုက် မနေနဲ့ ၊ နေရာ ဖြန့်ကစားကွ "



" အခုက ပယ်နယ်လ်တီ ကန်နေရသလိုပါပဲအဖေရာ။ သူ့ခြေစွမ်းကို မသိသေးဘူး "



" လာမှာပေါ့ သားရာ ။ မလောပါနဲ့ ။ အိမ်ကွင်းကောင်းတုန်း ကစားထားကွ ။ ကြာရင် မင်းလည်း အဖေ့လိုပဲအဝေးကွင်းမှာ ကစားရတာကို သဘောကျလာလိမ့်မယ် ။ အဖေ့အိမ်ကွင်းက တို့ရပ်ကွက်က ဘောလုံးကွင်းလို ဂိုးတိုင်က ရွဲ့စောင်းပြီး မြက်ခင်းကလည်းကြမ်း ၊ ချိုင့်တွေက လည်း များနေပြီကွ "



" အဖေ....၊ အမေ ကြားသွားဦးမယ် "



" ဘောစကားကို မင်းအမေ နားမလည်ပါဘူးကွာ "



သားအဖနှစ်ယောက်စကားပြောဆိုနေသည်ကို အိပ်ရာထဲမှ နားထောင်နေသည့် ဒေါ်မေလွင်က ခြင်ထောင်မပြီး ထွက်လာကာ ဦးလှဖေကို မကျေမနပ်ဖြင့်ကြည့်ကာ ပြောလိုက်လေသည် ။



" ရှင်က အိမ်ကွင်းမှာ မကစားဘဲ အဝေးကွင်းမှာ ကစားနေတယ်ပေါ့လေ ။ ဟုတ်လား "



" ဟေ...မေလွင် ၊ မင်းနိုးလာတာလား "



" ဟုတ်တယ် "



" ငါတို့သားအဖပြောတာကို မင်းက နားလည်လို့လား "



" ဟင်း...ဟင်း ။ နားလည်လို့ ရှင့်ကိုပြောနေတာပေါ့ ။ ဘောစကားကို နားမလည်ရင် ခံသွားရမှပေါ့ ။ 

ဒီမှာ ကိုလှဖေ ၊ ရှင်ကသာ အိမ်ကွင်းကို တန်ဖိုးမထားတာ ။

ဘောကန်စရာကွင်းမရှိလို့ ကွင်းလိုက်ရှာနေတဲ့သူတွေမှ တစ်ပုံကြီး ။ ရှင်မကန်ချင်တော့ရင်လည်းပြောလေ ။

မြက်ပဲကြမ်းကြမ်း ချိုင့်ပဲရှိရှိ ဘောကန်ချင်တဲ့

ဘောသမားတွေကို ပေးကန်လိုက်မှာပေါ့ ။ 

ကွင်းက အလတ်ကြီးရှိသေးတယ် ။ ဟင်း...ဟင်း "



" ဟာ..မေလွင်ရာ ၊ မင်းဘာတွေပြောနေတာလဲ "



" အဝေးကွင်းမှာ သွားမကန်ဘဲ ကိုယ့်ဂိုး ကိုယ်ပြန်သွင်း ပါလား "



" ဟာ........ "



" သတိတော့ထား ။ လူကျွံဘော ပေးနေရမယ် ။ ကျွန်မကတော့ နှစ်ဝါတစ်နီနဲ့ ရှင့်ကို ထုတ်လိုက်ပြီ ။ 

ရှင့်ဟာရှင် ကန်ချင်တဲ့ကွင်းမှာ သွားကန် ။ 

အိပ်ခြင်တဲ့နေရာမှာအိပ် ။ ခြင်ထောင်ထဲဝင်လာတာနဲ့ မြေလိမ့်ဘောရော ခေါင်းတိုက်ဘောရော စုံသွားမယ် "



စိတ်ဆိုးမာန်ဆိုးဖြင့် ခြင်ထောင်ထဲ ပြန်ဝင်သွားသည့် ဇနီးသည်အား တအံ့တသြကြည့်ရင်း သားဖြစ်သူကို အကူအညီတောင်းရလေတော့သည် ။



" သား ၊ မင်းအမေကို ပြောစမ်းပါဦးကွ ။ 

အဖေ ဘယ်မှာသွားအိပ်ရမှာလဲ "



" နည်းပြကြီးအိမ်မှာ သွားအိပ်ပေါ့ အဖေရာ "



" မင်းအဘိုးက ဒီအချိန်ဆို အိပ်မောကျနေပြီကွ "



" အဘိုးကို ဖုန်းဆက်ကြည့်လိုက်ပေါ့ အဖေရာ "



" ကိုလှဖေ ....."



" ဟေ..... "



" သနားလို့ ခွင့်ပြုမယ် ၊ လာအိပ် "



" အဟေး...... တော်သေးတာပေါ့ကွာ ။ 

အိမ်ကွင်းကိုလည်း ပစ်မထားနဲ့ကွ သားရ ။ အိမ်ကွင်းလည်း ကောင်းပါတယ်ကွာ ။ မင်းလည်း ဒုတိယပိုင်း ကန်ပေတော့ ။ အဖေလည်း အိမ်ကွင်းမှာ ကန်လိုက်ဦးမယ် ...ဟား...ဟား..."



" ကိုလှဖေ ၊ ပေါက်ကရတွေပြောမနေနဲ့ ။ ရှင့်ကို သနားလို့ လာအိပ်ခိုင်းတာ ။ ကန်ဖို့မပြောနဲ့ ကွင်းထဲတောင် အဝင်မခံ ဘူး ။ ရုတ်ရုတ်တော့ မလုပ်နဲ့ ၊ ရာသက်ပန် ကစားခွင့်ပိတ် ပစ် လိုက်မယ် "



" ဒါဆို ငါက..... "



" ကွင်းဘေးမှာပဲ အိပ်တော့ "



" ဟေ.........."



#လွင်ဦးဟန် ( ကိုဆောင်း )

Comments

Popular posts from this blog

အန်တီမမကြီးများ ( အောစာအုပ် )

ပါကင်​ကိုလီးနဲ့ပဲ​ဖောက်​မယ်​ (စ/ဆုံး)

မိနှင်း (အပြာစာပေ)....(စ/ဆုံး)

အပျိုပေါက်စလေး(အဆုံး)


အချစ် ကျောင်းတော်သား

တီချယ်မိုး

ကင်ဆာ ( အစ/အဆုံး )
