သနားလို့ ခွင့်ပြုမယ် ၊ လာအိပ်
သားဖြစ်သူ မိန်းမခိုးလာတော့ ဦးလှဖေတို့ လင်မယားက သူတို့နေတဲ့ အိပ်ခန်းလေးကို ဖယ်ပေးရပါတယ် ။ ဧည့်ခန်းတစ်ခန်း ၊ အိပ်ခန်းတစ်ခန်း ၊ ထမင်းစားခန်း တစ်ခန်းနဲ့ မီးဖိုဆောင်လေးတစ်ခုသာပါတဲ့ တိုက်ခန်းဆိုတော့ မိန်းမခိုးလာတဲ့ သားအတွက် အိပ်ခန်းတစ်ခန်းပေးရတာပါ ။ သားက အသက်သုံးဆယ်ကျော်ပြီး ချွေးမက ၁၉နှစ်ပဲ ရှိသေးတော့ ဦးလှဖေ အတော်လေး သဘောကျနေပါ တယ် ။ အဖေနဲ့သားက ဘောလုံးဝါသနာအိုးတွေပါ ။ သားအဖဆိုပေမယ့် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းလည်း ရှိကြပါတယ် ။ သားနဲ့ ချွေးမအတွက် အိပ်ခန်းပေးပြီး ဦးလှဖေတို့ လင်မယားကတော့ အိမ်ရှေ့က ဧည့်ခန်းမှာ အိပ်ရပါတယ် ။ မိန်းမခိုးလာတဲ့ညမှာပဲ သားဖြစ်သူက ညလယ်လောက်မှာ အိမ်ရှေ့ထွက်လာပြီး ဝရံတာမှာ ထိုင်နေတာကို ဦးလှဖေမြင် တော့ ခြင်ထောင်ထဲက ထွက်လာပြီး သားဖြစ်သူကို မေးပါ တယ် ။ " သား ၊ အချိန်မတော် ဘာထွက်လုပ်နေတာလဲ " " ပထမပိုင်းပြီးလို့ ခဏနားတယ်အဖေ " " အဆင်ပြေရဲ့လားကွ " " ဘာကိုလဲ အဖေ " " ဘယ်နှစ်ဂိုး သွင်းလိုက်သလဲ " " နှစ်ဂိုးတောင် မနည်းသွင်းရတယ် အဖေရာ "